ကောင်မလေး သိစေချင့်
~~~~~~~~~~~~~~
ကောင်မလေး ရေ !
ယုံတမ်းစကား ပြောမလို့ မဟုတ်သလို
စိတ်ကူးယဉ်ဆန်ဆန် စကားတွေ
ပြောမလို့လည်း မဟုတ်ပါဘူး ကွယ် ...
ကိုယ့်ရင်ထဲမှာ တကယ်ဖြစ်နေတာတွေကို
လက်တွေ့ကျကျ အတည်ပြောမလို့ပါကွယ် ...
တကယ်ပါကွာ ...
မင်းကို ကိုယ့်ရဲ့ မြှားနတ်မောင်အလျှင်
ကိုယ် တွေ့ခဲ့တာပါကွယ် ...
မင်းကို ကိုယ့်နှလုံးသားထက် အလျှင်
ကိုယ် ချစ်ခဲ့တာပါကွယ် ...
မင်းကို ကိုယ့်အတွေးတွေထက်အလျှင်
ကိုယ် လွမ်းဆွတ်တမ်းတခဲ့တာပါကွယ် ...
အဲ့ဒီလိုတွေကြောင့်လည်း
ကိုယ့်နှုတ်ခမ်းတွေထက် အလျှင်
မင်းကို ကိုယ် နမ်းချင်ခဲ့တာဟာ
အပြစ်လားကွယ် ...
ဖြစ်နိုင်မယ်ဆိုလျှင်ပေါ့
ကိုယ့်အသံထက် အလျှင်
မင်းကို
အရမ်းချစ်မြတ်နိုးမိတာ .. လို့
ကိုယ်ပဲ အလျှင် ပြောပါရစေနော် ... ။ ။
.............................. .................... ဒိုင်း ဒိုင်း
~~~~~~~~~~~~~~
ကောင်မလေး ရေ !
ယုံတမ်းစကား ပြောမလို့ မဟုတ်သလို
စိတ်ကူးယဉ်ဆန်ဆန် စကားတွေ
ပြောမလို့လည်း မဟုတ်ပါဘူး ကွယ် ...
ကိုယ့်ရင်ထဲမှာ တကယ်ဖြစ်နေတာတွေကို
လက်တွေ့ကျကျ အတည်ပြောမလို့ပါကွယ် ...
တကယ်ပါကွာ ...
မင်းကို ကိုယ့်ရဲ့ မြှားနတ်မောင်အလျှင်
ကိုယ် တွေ့ခဲ့တာပါကွယ် ...
မင်းကို ကိုယ့်နှလုံးသားထက် အလျှင်
ကိုယ် ချစ်ခဲ့တာပါကွယ် ...
မင်းကို ကိုယ့်အတွေးတွေထက်အလျှင်
ကိုယ် လွမ်းဆွတ်တမ်းတခဲ့တာပါကွယ် ...
အဲ့ဒီလိုတွေကြောင့်လည်း
ကိုယ့်နှုတ်ခမ်းတွေထက် အလျှင်
မင်းကို ကိုယ် နမ်းချင်ခဲ့တာဟာ
အပြစ်လားကွယ် ...
ဖြစ်နိုင်မယ်ဆိုလျှင်ပေါ့
ကိုယ့်အသံထက် အလျှင်
မင်းကို
အရမ်းချစ်မြတ်နိုးမိတာ .. လို့
ကိုယ်ပဲ အလျှင် ပြောပါရစေနော် ... ။ ။
..............................